Sale Shop

 Htoo Htoo ကြက်ကြော်၊ ဘာဂါ နင့် အအေးဆိုင်

လုပ်ငန်းတစ်ခုလုံးရောင်းမည်။

ကလေးမြို့၏ ပထမဦးဆုံး ကြက်ကြောက်ဆိုင် နင့် KFC ကဲ့သို့ အရသာ ရှိသည်။ ထိုနည်းပညာလည်း ရှိသည်။ 2015 ခုနစ်တွင် စတင်ခဲ့သည်။

တစ်နစ် ရောင်းရငွေ သိန်း ၂၀၀ ၀န်းကျင်း (ကျော်) ရှိသည့် ဆိုင်ခွဲ ၂ခု၏ ဆိုင်နင့် အသုံးအဆောင် ပစည်းများ၊ ကြက်ကြော်နည်းနင့် ဟမ်ဘာဂါ နည်းပညာ (မူပိုင်) များကိုလည်း အပြီးစီး သိန်း ၃၀၀ (အနည်းငယ် ညိုနိုင်း) ဖြင့် ရောင်းပါမည်။

ဆိုင်ခွဲတစ်ခု၏ ပျမ်းမျ ရောင်းအားသည် တစ်ရက်လျင် ၃၅ ၀၀၀ ၀န်းကျင်ရှိသည်။ (အော်ဒါ များ မပါသေးပါ။ ) ရောင်းကောင်းသည့်နေ့တွင် ၅သောင်း၊ ၈ သောင်း၊ ၁ သိန်းကျော်ထိလည်း ရှိတတ်ပါသည်။

အကယ်၍ ဆိုင်ကို အဆင့်မြင့်တင်နိုင်ပါက ရောင်းအားသည် ပုံမှန် အနည်းဆုံး တစ်ရက် ၁ သိန်းကျော် (ဆိုင်ခွဲတစ်ခု) ရရှိနိုင်ပါသည်။ ၀ယ်ယူမည်ဆိုပါက ၄င်းအတွက်လည်း နည်းလမ်းများကို ပြောပြပါမည်။ ကူညီပါမည်။

ထို့အပြင် နောက်ထပ် ဆိုင်ခွဲ ၁ ခု (သို့) ၂ ခုထိ ဖွင့်လျင်လည်း အဆင်ပြေမည့်နေရာများ ရှိပါသည်။ ဆိုင်ကို ၀ယ်ယူပါက ၄င်းအတွက် အကြံပေးပါမည်။

လက်ရှိတွင် အချိန်ပြည့် ဆိုင်၀န်ထမ်း ၂ ခု နင့် အချိန်ပိုင်း ၁ ဦး ရှိပါသည်။ ထိုသူများကို လုပ်ငန်း ၀ယ်ယူပြီး ၁ လတိတိ ဆက်ပြီး ကူညီစေပါမည်။ နောက်နောင်ဆက်သုံးလိုပါကလည်း လစာပေးကာ ထပ်ခန့်နိုင်ပါသည်။

ကြက်သားစျေးပေါ် မူတည်ကာ အမြတ်အစွန်း များပြောင်းလဲပါသည်။ ၂ နစ် ၀န်းကျင်တွင် အရင်ကြေးပါမည်။

ဆိုင်ခွဲ ၁ ခုချင်းစီ၏ ဌါးရမ်းခသည် တစ်လ တစ်သိန်း ဖြစ်သည်။ ၂၀၂၁ ခုနစ်ကုန်အထိ ဆိုင်ရောင်းစျေးတွင် ပါ၀င်သောကြောင့် ဆိုင်းခန်း ဌါးရမ်းခကို ၂၀၂၁ ခုနစ်ကုန်အထိ ပေးရန် မလိုတော့ပါ။

လက်ရှိတွင် အောင်မြင်နေသော၊ အမြတ်အစွန်း ရနေသော လုပ်ငန်း ဖြစ်သောကြောင့်သာ ရောင်းချရဲခြင်းဖြစ်ပါသည်။ ကျနော် အကြံပေးသည့်အတိုင်း ဆိုင်ကို အဆင့်မြင့်တင်ကာ လုပ်ဆောင်ပါက ၂ နစ်အတွင် ကျိန်သေပေါက် အရင်းကြေးပါမည်။

လုပ်ငန်း ရောင်းချရသည့်ရည်ရွယ်ချက်မှာ ငွေကြေးလိုအပ်ချက်ကြောင့်နင့် ဆိုင်များကို အဆင့်မြင့်တင်မူ မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပါသည်။

တကယ်၀ယ်ယူမည်ဆိုပါက ဆိုင်အဆင့်မြင့်တင်ရန်နင့် ဆိုင်ခွဲ တိုးချဲ့ရန်အတွက် ထပ်မံလျော့ပေးပါအုံးမည်။

09 400 458 415





Comments

Popular posts from this blog

Guide for Free Courses

Full Guide Video