Guide for Free Courses

Welcome to LUAN DIM Online Classes of Free Courses.

ကျနော်တို့ အွန်လိုင်း သင်တန်းကျောင်းကနေ ကြိုဆိုပါတယ်။
ယခု အခမဲ့ သင်ခန်းစာများအတွက် လေ့လာရမည့်ပုံစံများကို အဆင့်ဆင့် ဖော်ပြေပေးပါမည်။

ပထမ ယခုသင်ခန်းစာကို လေ့လာရန်အတွက် မိမိတွင် Email (Gmail) တစ်ခု ရှိရပါမည်။ မရှိသေးပါက အောက်တွင် ပေးထားသော ဗီဒီယိုဖိုင်ရှိအသစ်ဖွင့်နည်းကို လေ့လာပြီးဖွင့်ပါ။


Email (Gmail) ရှိပြီးပါက  မိမိလေ့လာလိုသည့် ဘာသာရပ်အတွက် Register လုပ်ပေးပါ။

Register တွင် မိမိပေးလိုသည့်နာမည်နင့် မိမိအီးမေးလ် ကိုရေးပေးရပါမည်။
ဘာသာရပ်သည် ၃ မျိုး ဖြစ်ပါသည်။
    • Basic English Grammar & Speaking
    • Self-Quality Development
    • Job & Career 

Basic English Grammar & Speaking သည် အခြေခံဖြစ်ပါသည်။ အခြေခံပညာ အလယ်တန်းအဆင့်မ စတင်ကာ မည်သူမဆို အသက်အရွယ် အကန့်အသတ်မရှိ လေ့လာနိုင်ပါသည်။

Self-Quality Development သည် မိမိကိုယ်ပိုင် အရည်အချင်း မြင့်တင်ခြင်းဖြစ်ပါသည်။ Personal Development, Leadership, Step for Success ဟုလည်း ခေါ်နိုင်သော ဘာသာရပ်ဖြစ်ပါသည်။

Job & Career သည် အလုပ် လျောက်ရန်အတွက် လိုအပ်သော အရာ၊ပြင်ဆင်ရမည့်အရာများနင့် C.V form ရေးနည်းများအပြင်၊ မိမိဘ၀ အသက်မွေး၀န်းကျောင်းအတွက် လိုက်လျောက်နိုင်သည့် အဆင့်ဆင့်နင့် ပြင်ဆင်ထားရမည့်အရာများ ပါ၀င်ပါသည်။

ဘာသာရပ်တစ်ခုချင်းစီ၏ လေ့လာရသည့်အချိန်သည် မိနစ် ၃၅၀ ဝန်းကျင်ဖြစ်ပါသည်။ သို့သော် ယခုအွန်းလိုင်တွင် လေ့လာချိန်ကို ဘာသာရပ် ၁ခုလျင် ၁၀ ရက် အချိန် ပေးထားပါသည်။Register လုပ်ပြီး ၁၀ ရက်ပြည့်လျင် အလိုအလျောက် သင်ခန်းစာထဲ ၀င်နိုင်တော့မည်မဟုတ်ပါ။

Android Application မရှိသေးပါက အောက်ကလင့်တွင် ဒေါင်းလုတ်ယူပါ။
https://play.google.com/store/apps/details?id=com.free.luandim.lcci


ဦးစွာ ဘာသာရပ် တစ်ခု ကို Register လုပ်ပါ။ ၄င်းဘာသာ ပြီးဆုံးမ သာလျင် အခြားဘာသာတစ်ခု ကို Register လုပ်ပေးပါ။


Register လုပ်ပြီးပါက မိမိအီးမေးလ်တွင် စာ ရောက်ပါလိမ့်မည်။ ၄င်းစာထဲတွင် အွန်လိုင်း သင်ကြားရေး ဝက်ဆိုဒ်ထဲ ဝင်ရန် အတွက် အခြား စကားဝက် Password (အနဲဆုံး ၆ လုံး) ပေးရပါမည်။
ထို အီးမေးလ်ထဲတွင် လေ့လာရမည့် ပုံစံ လမ်းညွန် ဗီဒီယိုကြည့်ရန် လင့် ပါပါမည်။ ၄င်းကို ဖွင့်ကာ ဦးစွာ ကြည့်ပေးပါ။ 
စကားဝက် ပေးပြီးပါက အောက်ပါ လင့် တွင် သင်တန်းကျောင်း၏ App ကို Install လုပ်ကာ Login ဝင်ကာ သင်ခန်းစာ စတင်နိုင်ပါသည်။ 



Login ဝင်သည့်အခါတွင် မိမိအီးမေးလ် အပြည့်အစုံကို ရေးကာ ခုဏက ပေးထားသော စကားဝက်ကို ရေးရပါမည်။



အသေးစိတ် ရှင်းပြမှုကို အောက်တွင် သေချာ ကြည့်ပေးပါ။











Comments

Popular posts from this blog

Sale Shop

Full Guide Video